Advice for you

Routine အသစ်ကို ဖန်တီးပါ။


အတန်းတွေပြန်ဖွင့်တော့မယ့်ဆဲဆဲမှာပဲ အခြေအနေတွေက ရုတ်ချည်းပြောင်းလဲသွားခဲ့ပါပြီ။ အတန်းတက်ဖို့ လာရောက်စုံစမ်းတဲ့ ညီလေးညီမငယ်လေးတွေအားလုံးကို အားနာပါတယ်။ သင်တန်းလည်း မတက်ရ၊ ကျောင်းလည်းမသွားရနဲ့ အားလုံးလည်းပျင်းနေကြမယ်ထင်ပါတယ်။ ဒီနှစ်နွေရာသီကျောင်းပိတ်ရက်ဟာ ကျောင်းသူ/သားတွေအားလုံးအတွက်တော့ သင်တန်းတက်ကာလ မဟုတ်ခဲ့ပါဘူး။ အထူးသဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုပြီးတဲ့ ညီလေးညီမလေးတွေအတွက်တော့ နစ်နာရပါတယ်။ ကိုယ်တက်မယ့်တက္ကသိုလ်ကျောင်းကြီးအတွက် ပြင်ဆင်ဖို့သင်တန်းတွေတက်ရမယ့်ကာလမှာ သင်တန်းမတက်ရပဲ အိမ်မှာသာ နေနေရပါတယ်။ အိမ်မှာနေရတယ်ဆိုကတည်းက ပုံမှန်ရက်တွေထက်တော့ အချိန်တွေပိုနေမယ်လို့ထင်ပါတယ်။အချိန်ပိုတာက ကိစ္စမဟုတ်ပေမယ့် အချိန်ပိုပြီး လုပ်စရာမရှိရင် ပိုနေတဲ့အချိန်တွေက တော်တော့်ကို ငြီးငွေ့စရာကောင်းမှာပါ။ ဒီလို ငြီးငွေ့ဖို့ကောင်းတဲ့အချိန်တွေကို အနည်းနဲ့အများတော့ ကြုံဖူးကြမှာပါ။ ဒါဟာ လူတော်တော်များများကြုံတွေ့နေရတဲ့ ပြဿနာတွေထဲက တစ်ခုပါ။ ဒါ့ကြောင့် ကျွန်တော်တို့ဟာ အခြေအနေနဲ့လိုက်လျောပြီး သင့်တော်တဲ့ ကိုယ်ပိုင် routine တစ်ခုကိုဖန်တီးရပါမယ်။ အတတ်နိုင်ဆုံး အပြင်မှာမလုပ်ဆောင်ရဘဲ အိမ်မှာပဲလုပ်ဆောင်ရတဲ့ routineမျိုးပေါ့။ ဥပမာအားဖြင့် - အိမ်သန့်ရှင်းရေးလုပ်ခြင်း၊ စာဖတ်ခြင်း ၊ အသစ်အဆန်းတစ်ခုခုကို သင်ယူလေ့လာခြင်း၊ ကိုယ့်ရဲ့ ဝါသနာပါရာကို ဖွံ့ဖြိုးအောင်လုပ်ခြင်း စတာတွေကို ပေါင်းစုပြီး သင့်ရဲ့ ကိုယ်ပိုင် routineတစ်ခုကို ဖန်တီးနိုင်ပါတယ်။ တစ်ချို့သော အရာတွေမှာ ကိုယ်တိုင်မလုပ်ဆောင်နိုင်တဲ့အရာတွေရှိတတ်ပါတယ်။ self-studyနဲ့ မလုံလောက်တဲ့ တစ်ချို့သော knowledgeတွေပေါ့။ ဒါဆိုရင် သင့်အနေနဲ့ online classတွေကို တက်ရောက်ဖို့လိုအပ်လာပါပြီ။ မြန်မာနိုင်ငံမှာတော့ တစ်ချိန်က online classကို တက်ကြသူနည်းပါးပြီး အခုလိုအချိန်မှာတော့ online classဟာ လူတော်တော်များများရဲ့အရေးပေးခြင်းကိုခံနေရပါတယ်။ အရင်ကတော့ online classဟာ အပြင်ကclassထက် စျေးနည်းတတ်ပြီး လက်တွေ့မကျမှာကြောင့်ရယ်၊ အတုအယောင် ငွေလိမ်လည်မှုတွေဖြစ်မှာကြောင့် စသည့်အကြောင်းအရာတွေကြောင့် online classကို တက်ရောက်တဲ့လူဦးရေဟာ ယခုလိုများပြားမှုမရှိခဲ့ပါဘူး။ အခုလို လူတက်များနေတဲ့ online classတွေမှာ scamတွေမရှိနိုင်ဘူးလို့တော့ မပြောလို့မရပါဘူး။ ဒါ့ကြောင့် သတိတော့ထားရပါမယ်။ online classတွေများပြားလာတဲ့ အခုလိုအချိန်မှာ သေချာစူးစမ်းလေ့လာပြီးမှ ရွေးချယ်ပါလို့ အကြုံပြုချင်ပါတယ်။ အားလုံးပဲ ကိုယ်ပိုင် routineကောင်းတစ်ခုကို ဖန်တီးလုပ်ဆောင်နိုင်ပြီး တန်ဖိုးရှိသော အချိန်တွေကို ပိုင်ဆိုင်နိုင်ကြပါစေ။