DevelopEd

ဆိုတာဘာလဲ

DevelopEd သည် မြန်မာနိုင်ငံ၊ရှမ်းပြည်နယ်မြောက်ပိုင်း၊လားရှိုးမြို့ရှိ community ပိုင် ပညာရေးစင်တာတစ်ခုဖြစ်ပါသည်။ DevelopEd | Lashio ၏ ရည်ရွယ်ချက်မှာ ကျေးလက်နေလူငယ်များအား လက်တွေ့ကျသောပညာရေးအရည်အချင်းများဖန်တီးလေ့ကျင့်ပေးလိုခြင်း၊သင်တန်းသားများအား ဘဝအဆင့်အတန်းမြင့်မားစေရေးနှင့် နေထိုင်ရာပတ်ဝန်းကျင်အသီးသီး ကိုအဆင့်မြှင့်တင်နိုင်ရေးတို့ဖြစ်ပါသည်။

DevelopEd | Lashioသည် Community အဖွဲ့အစည်းအားလုံးနှင့်လက်တွဲ အလုပ်လုပ်ပြီး ၄င်းသည် နိုင်ငံရေး ဘာသာရေးအဖွဲ့အစည်းတစ်ခုမဟုတ်ပါ။ သင်တန်းတွင်ရှိသောသင်တန်းသားများအတွက်အကောင်းဆုံးရလဒ်များပေးစွမ်းနိုင်ရန် ပြည်တွင်းပြည်ပမှ ဝန်ထမ်းများကိုခန့်အပ်ထားရှိပြီး ဒေသခံများအား centre ကို စီမံခန့်ခွဲနိုင်စေရန်ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။

DevelopEd | Lashio သည် နိုင်ငံတကာမှအဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များမှထောက်ပံ့ထားသော Social Enterprise အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။ DevelopEd သည် သင်တန်းကြေးများမှတဆင့် ကိုယ်တိုင် Self-funded ပြုလုပ်နိုင်သော အဖွဲ့အစည်းအဖြစ်သို့ ပြုပြင်ပြောင်းလဲနေပါသည်။

DevelopEd | Lashio သည် ၂၀၁၄ ခုနှစ်တွင် DevelopEd | Australia ၏အကူအညီဖြင့် စတင်တည်ထောင်ခဲ့ပါသည်။