Active English

၂၀၂၁ ခုနှစ်အတွက် Active English သင်တန်း

သင်တန်းလျှောက်ရန် နှိပ်ပါ။သင်တန်းလျျှောက်ရန် နှိပ်ပါ။

Active English သင်တန်းသည်အင်္ဂလိပ်စာလေ့လာလိုသော်လည်း

လုပ်ငန်းဆောင်တာများဖြင့်မအားလပ်သော သူများအတွက်ရည်ရွယ်ပြီး ညပိုင်းတွင်လည်းဖွင့်လှစ်ထားခြင်းဖြစ်ပါသည်။Active English သင်တန်းသည်် နေ့စဉ်ဘဝတွင်အသုံးပြုသော လက်တွေ့အသုံးချအင်္ဂလိပ်စာအားအဓိကထားသင်ကြားပေးခြင်းဖြစ်သောကြောင့် သင်၏ အင်္ဂလိပ်စကားပြောဆိုမှုအား ပိုမို အဆင်ပြေချောမွေ့စွာ အသုံးပြုလာနိုင်မည်ဖြစ်ပါသည်။ Active English သင်တန်းတွင် အောက်ပါအဆင့်သုံးဆင့်ရှိပါသည်။

• Active English 1- Elementary to pre-intermediate ( အခြေခံအဆင့် မှ အလယ်တန်းကြိုအဆင့်အထိ)

• Active English 2 - Pre-intermediate to intermediate ( အလယ်တန်းကြိုအဆင့် မှ အလယ်တန်းဆင့်ထိ)

• Active English 3 - intermediate to upper intermediate ( အလယ်တန်းအဆင့် မှ အဆင့်မြင့်အလယ်တန်းအဆင့်ထိ)

အထက်ပါသင်တန်းများသည် 4 skills (reading, writing, listening and speaking) ပေါ်တွင်အဓိကထားသင်ကြားပေးခြင်းဖြစ်ပြီး သင်ကြားထားသောသင်ခန်းစာများအား သင်၏နေ့စဉ်ဘဝတွင်ပြန်လည်အသုံးချနိုင်စေရန် ဆရာ/ဆရာမများက ကူညီဆောင်ရွက်ပေးနေပါသည်။

တစ်နှစ်လျှင်သင်တန်းကာလ သုံးကြိမ် ရှိမည်ဖြစ်ပြီး ထိုသုံးကြိမ်လုံးပြီးမြောက်မှသာ အဆင့်တစ်ခုပြီးမြောက်မည်ဖြစ်ပါသည်။ သို့သော် သင်တန်းကာလ သုံးကြိမ်စလုံးမတက်လိုပါကလည်း မိမိနှစ်သက်သော သင်တန်းကာလကိုသာရွေးချယ်တက်ရောက်နိုင်ပါသည်။

DevelopEd သင်တန်းတွင် နိုင်ငံတကာသုံးအဆင့်မီ ဖတ်စာအုပ်များကိုအသုံးပြုပြီး အရည်အချင်းပြည့်ဝသော ပြည်တွင်းပြည်ပမှ ဆရာ/ဆရာမများနျှင့် အထူးကြပ်မတ်သင်ကြားပေးနေပါသည်။ DevelopEd မှသင်တန်းသည် လက်တွေ့ လုပ်ဆောင်ရသော Activity ပေါင်းများစွာပါရှိပြီး ထို Activity များမှ တစ်ဆင့် သင်တန်းသားတစ်ဦးချင်းစီအတွက်လိုအပ်သော အရည်အချင်းအပြည့်အဝရရှိမည်ဖြစ်ပါသည်။ DevelopEd မှ သင်တန်းသူ/သားတိုင်း Internet အခမဲ့သုံးစွဲနိုင်ရန်စီစဉ်ဆောင်ရွက်ပေးထားပြီး အားလပ်ချိန်တွင်လည်း Computer များအားအသုံးပြုနိုင်ပါသည်။


သင်တန်းချိန်များ

ပထမအသုတ်

သင်တန်းရက်များ - တနင်္လာနေ့ မှ သောကြာနေ့

သင်တန်းချိန်များ - မနက် ၉ နာရီ မှ ၁၁ နာရီ အထိ၊

ညနေ ၅နာရီ ခွဲ မှ ည ရနာရီခွဲ အထိ။

သင်တန်းကာလ - ၁၁ရက်၊ ဇန်နဝါရီလ ၂၀၂၁ မှ ၁၉ရက်၊ မတ်လ ၂၀၂၁ခုနှစ် အထိ။

ဒုတိယအသုတ်

သင်တန်းရက်များ - တနင်္လာနေ့ မှ သောကြာနေ့

သင်တန်းချိန်များ - မနက် ၉နာရီ မှ ၁၁နာရီ အထိ ၊

ညနေ ၅နာရီ ခွဲ မှ ည ရနာရီခွဲ အထိ။

သင်တန်းကာလ - ၁၉ရက်၊ ဧပြီလ ၂၀၂၁ခုနှစ် မှ ၂၅ရက်၊ ဇွန်လ ၂၀၂၁ ခုနှစ်အထိ။


တတိယအသုတ်

သင်တန်းရက်များ - တနင်္လာနေ့ မှ သောကြာနေ့

သင်တန်းချိန်များ - မနက် ၉ နာရီ မှ ၁၁ နာရီ အထိ၊

ညနေ ၅နာရီ ခွဲ မှ ည ရနာရီခွဲ အထိ။

သင်တန်းကာလ - ၁၉ရက်၊ ဇူလှိုင်လ ၂၀၂၁ ခုနှစ် မှ ၂၄ ရက်၊ စက်တင်ဘာလ ၂၀၂၁ ခုနှစ် အထိ။

နောက်ဆုံးအသုတ်

သင်တန်းရက်များ - တနင်္လာနေ့ မှ သောကြာနေ့

သင်တန်းချိန်များ - မနက် ၉ နာရီ မှ ၁၁ နာရီ အထိ၊

ညနေ ၅နာရီ ခွဲ မှ ည ရနာရီခွဲ အထိ။

သင်တန်းကာလ - ၁၁ ​ရက်၊ အောက်တိုဘာ ၂၀၂၁ ခုနှစ် မှ ၁၇ ရက်၊ ဒီဇင်ဘာ ၂၀၂၁ ခုနှစ် အထိ။

DevelopEd တွင် အထက်ပါဖော်ပြသည့်အတိုင်း တစ်နေ့လျင်သင်တန်းချိန် ၂ချိန် ရှိပါသည်။ သင်တန်းသားများသည် မိမိတက်ရောက်လိုသော သင်တန်းချိန်ကိုရွေးချယ်တက်ရောက်နိုင်ပါသည်။

သင်တန်းကြေးများ

Active English သင်တန်းကာလတစ်ခုချင်းစီအတွက်သင်တန်းကြေးသည် ၁၂၀,၀၀၀ ကျပ်ကျသင့်မည်ဖြစ်ပါသည်။

သင့်တွင် ဖတ်စာအုပ်မရှိပါက ဖတ်စာအုပ်တစ်အုပ်ဝယ်ရန်လိုအပ်ပြီး ဖတ်စာအုပ်တစ်အုပ်အတွက် ၂၅,၀၀၀ ကျပ်ကျသင့်မည်ဖြစ်ပါသည်။ တစ်နှစ်လုံးစာအတွက်(သင်တန်းကာလသုံးကြိမ်စလုံးအတွက်) ဖတ်စာအုပ်တစ်အုပ်သာလိုုအပ်မည်ဖြစ်ပြီး အခြားသောလိုအပ်သည့်သင်ကြားရေးအသုံးအဆောင်များကို DevelopEd မှ စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။


သင်တန်းကြေးပေးသွင်းခြင်း

Active English သင်တန်းများအတွက် DevelopEd မှ သင့်အား သင်တန်းတက်ခွင့်ရကြောင်း ဖုန်းခေါ်ဆိုလာပါက သင်တန်းကြေးငွေ စာအုပ်ဖိုးအပါအဝင် ၁၄၅,၀၀၀ ကျပ်ကို ပေးသွင်းရမည်။

သင်တန်းကြေး သွင်းပြီးထားသော သင်တန်းသားများသာလျှင် သင်တန်းတက်ရောက်ခွင့် ရမည်သေချာမည်ဖြစ်ပါသည်။ သင်တန်းကြေး ပေးသွင်းထားခြင်းမရှိပါက သင်တန်းတက်ရောက်နိုင်ရန် သေချာမည်မဟုတ်ပါ။


မှတ်ချက် -

- သင်တန်းတက်ရောက်နိုင်ခြင်းမရှိပါက သင်တန်းကြေး ပေးသွင်းငွေအား ပြန်လည်ထုတ်ပေးမည်မဟုတ်ပါ။

- မည်သည့်အချိန်တွင်ဖြစ်စေ သင်တန်းတက်ရောက်ခြင်းမှ ရပ်ဆိုင်းမည်ဆိုပါကလည်း သင်တန်းကြေးငွေအား ပြန်လည် ထုတ်ပေးမည်မဟုတ်ပါ။


နေရာထိုင်ခင်း (အဆောင်)

Active English သင်တန်းအတွက် DevelopEd မှ နေရာထိုင်ခင်းစီစဉ်ပေးခြင်းမရှိသေးပါ။ မိမိကိုယ်ပိုင်နေရာထိုင်ခင်းရှာဖွေရပါမည်။


Certificate

Active English သင်တန်းကာလ သုံးကြိမ်စလုံးတက်ရောက်ပါကသင်တန်းသား၏ တက်ရောက်ခဲ့သော သင်တန်းပေါ်မူတည်ပြီး Active English ပြီးဆုံးကြောင်းအသိအမှတ်ပြုလက်မှတ်ရရှိမည်ဖြစ်ပါသည်။ အသိအမှတ်ပြုလက်မှတ်ရရှိရန် သင်တန်းကာလတစ်ခုချင်းစီ၏ ၈၀% တက်ရောက်ပြီးဆုံးရန်လိုအပ်ပြီး ပထမအကြိမ်သင်တန်းကာလမစမီအချိန်နှင့် တတိယအကြိမ်သင်တန်းကာလပြီးဆုံးချိန်များတွင် အရည်အချင်းစစ်စာမေးပွဲဖြေဆိုရမည်ဖြစ်ပါသည်။

သင်တန်းကာလတစ်ခုစီအတွက် (၁၀) ရက်ထက်ပိုမိုပျက်ကွက်ပါက သင်တန်းအောင်လက်မှတ်အားပေးမည်မဟုတ်ပါ။


DevelopEd ၏ Active English သင်တန်းအားလျှောက်ထားရန်အဆင့် သုံးဆင့်ရှိပါသည်။

၁။ အောက်တွင်ပေးထားသော link ကိုနှိပ်ပြီးလျှောက်လွှာဖြည့်ပါ။

၂။ အရည်အချင်းစစ်ဆေးခြင်းစာမေးပွဲအားဖြေဆိုရန် DevelopEd မှဆက်သွယ်ပါမည်။

၃။ သင်သည် အရည်အချင်းပြည့်မီသောကြောင့်သင်တန်းတက်ခွင့်ရကြောင်း သိရပါက ကြိုတင်ပေးသွင်းငွေကိုလာရောက်ပေးသွင်းပါ။

DevelopEd မှ Active English သင်တန်းများသည် လူဦးရေကန့်သတ်ထားပါသည်။ အကယ်၍ သင်သည် ယခုတစ်ခေါက်တွင် တက်ရောက်ခွင့်မရပါက နောက်တစ်ကြိမ်တွင် ထပ်လျှောက်နိုင်ပါသည်။