English for Kids


၂၀၂၀ ခုနှစ်အတွက် English For Kids သင်တန်းများ

English For Kids သင်တန်းသည် သင့်ရင်သွေး၏အင်္ဂလိပ်စာစွမ်းရည် တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ သင်ကြားပေးသောသင်တန်းတစ်ခု ဖြစ်ပါသည်။ English For Kids သင်တန်းသည် သင့်ရင်သွေးငယ်အတွက် နေ့စဉ်ဘဝတွင်အသုံးပြုသော လက်တွေ့အသုံးချအင်္ဂလိပ်စာအား အဓိကထားသင်ကြားပေးခြင်းဖြစ်သောကြောင့် က‌လေးငယ်များ၏ အင်္ဂလိပ်စကားပြောစွမ်းရည် နှင့် အင်္ဂလိပ်ဘာသာစကားအားစိတ်ဝင်စားမှုပိုမိုမြင့်မားလာပြီး အဆင်ပြေချောမွေ့စွာ အသုံးပြုလာနိုင်မည်ဖြစ်ပါသည်။ ။ English For Kids သင်တန်းတွင် အောက်ပါအတိုင်း သင်တန်းအဆင့် လေးဆင့် ရှိပါသည်။

English for Kids 1 - English for Kids Pre - Basic Class

English for Kids 2 - English for Kids Basic Class

English for Kids 3 - English for Kids Starter Class

English for Kids 4 - English for Kids Mover Class

အထက်ပါသင်တန်းများသည် 4 skills (reading, writing, listening and speaking) ပေါ်တွင်အဓိကထားသင်ကြားပေးခြင်းဖြစ်ပြီး ကလေးငယ်များအား မိမိကိုယ်တိုင်အားကိုးလာနိုင်စေရန်နှင့် ကိုယ်တိုင်တွေးခေါ်လာတတ်စေရန်လည်း လေ့ကျင့်သင်ကြားပေးနေပါသည်။ သင်ကြားထားသောသင်ခန်းစာများအား ကလေးငယ်များ၏နေ့စဉ်ဘဝတွင်ပြန်လည်အသုံးချနိုင်စေရန် ဆရာ/ဆရာမများကကူညီဆောင်ရွက်ပေးနေပါသည်။

DevelopEd သင်တန်းတွင် နိုင်ငံတကာသုံးအဆင့်မီ ဖတ်စာအုပ်များကိုအသုံးပြုပြီး အရည်အချင်းပြည့်ဝသောဆရာ/ဆရာမများနှင့် အထူးကြပ်မတ် သင်ကြားပေးနေပါသည်။ DevelopEd မှသင်တန်းတွင် လက်တွေ့ လုပ်ဆောင်ရသော Activity ပေါင်းများစွာပါရှိပြီး ထို Activity များမှတစ်ဆင့် သင်တန်းသားတစ်ဦးချင်းစီအတွက်လိုအပ်သော အရည်အချင်းအပြည့်အဝရရှိမည်ဖြစ်ပါသည်။

သင်တန်းချိန်များ

(၂၀၂၀ ခုနှစ် အတွက် သင်တန်းများကို နွေရာသီ ကျောင်းပိတ်ရက် မှသာ ပြန်လည် ဖွင့်လှစ်ပါမည်။)


သင်တန်းကြေးများ

English for Kids ၏ သင်တန်းကာလတစ်ခုချင်းစီအတွက်သင်တန်းကြေးသည် ၅၀,၀၀၀ ကျပ်ကျသင့်မည်ဖြစ်ပါသည်။

သင့်တွင် ဖတ်စာအုပ်မရှိပါက ဖတ်စာအုပ်တစ်အုပ်ဝယ်ရန်လိုအပ်ပြီး ဖတ်စာအုပ်ကြေး ၂၀,၀၀၀ ကျပ် ကျသင့်မည်ဖြစ်ပါသည်။ တစ်နှစ်လုံးစာအတွက်(သင်တန်းကာလသုံးကြိမ်စလုံးအတွက်) ဖတ်စာအုပ်တစ်အုပ်သာလိုအပ်မည်ဖြစ်ပြီး အခြားသောလိုအပ်သည့်သင်ကြားရေးအသုံးအဆောင်များကို DevelopEd မှ စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။


သင်တန်းကြေးပေးသွင်းခြင်း

English for Kids သင်တန်းများအတွက် သင်တန်းကြေးကိုDevelopEd မှသင့်အား သင်တန်းတက်ခွင့်ရကြောင်းဖုန်းခေါ်ဆိုလာပါက သင်တန်းကြေး ၅၀,၀၀၀ ကျပ် နှင့် ဖတ်စာအုပ်ကြေး ၂၀,ဝဝဝကျပ် စုစုပေါင်း ၇၀,၀၀၀ ကျပ် တိတိအား ကြိုတင်ပေးသွင်းရပါမည်။ သင်တန်းကြေး ကြိုတင်ပေးသွင်းထားသော သင်တန်းသားများသာလျှင် သင်တန်းတက်ရောက်ခွင့် သေချာမည်ဖြစ်ပါသည်။ သင်တန်းကြေး ကြိုတင်ပေးသွင်းထားခြင်းမရှိပါက သင်တန်းတက်ရောက်နိုင်ရန် သေချာမည်မဟုတ်ပါ။ကြိုတင်ပေးသွင်းငွေ အားပြန်လည်ထုတ်ပေးခြင်းမရှိပါ။

မှတ်ချက် - သင်တန်းတက်ရောက်နိုင်ခြင်းမရှိပါက ကြိုတင်ပေးသွင်းငွေအား ပြန်လည်ထုတ်ပေးမည်မဟုတ်ပါ။


DevelopEd ၏ English for Kids သင်တန်းအားလျှောက်ထားရန်အဆင့် သုံးဆင့်ရှိပါသည်။

၁။ အောက်တွင်ပေးထားသော link ကိုနှိပ်ပြီးလျှောက်လွှာဖြည့်ပါ။

၂။ အရည်အချင်းစစ်ဆေးခြင်းစာမေးပွဲအားဖြေဆိုရန် DevelopEd မှဆက်သွယ်ပါမည်။

၃။ သင်သည် အရည်အချင်းပြည့်မီသောကြောင့်သင်တန်းတက်ခွင့်ရကြောင်း သိရပါက ကြိုတင်ပေးသွင်းငွေကိုလာရောက်ပေးသွင်းပါ။

DevelopEd မှ English for Kids သင်တန်းများတွင် လူဦးရေ ကန့်သတ်ထားပါသည်။ အကယ်၍ သင်သည် ယခုတစ်ခေါက်တွင် တက်ရောက်ခွင့်မရပါက နောက်တစ်ကြိမ်တွင် ပြန်လည်လျှောက်ထားနိုင်ပါသည်။

English for Kids သင်တန်းအားလျှောက်ရန် ဒီနေရာတွင်နှိပ်ပါ။