English for Teenager

၂၀၂၀ခုနှစ်အတွက် English for Teenager (ဤသင်တန်းကို နွေရာသီတွင်သာ ဖွင့်ပါသည်။)

English For Teenager သင်တန်းသည် ဆယ်‌ကျော်သက်လူငယ်များ ၏ အင်္ဂလိပ်စာစွမ်းရည် တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ သင်ကြားပေးသောသင်တန်းတစ်ခု ဖြစ်ပါသည်။ English For Teenager သင်တန်းသည် လူငယ်များ အတွက် နေ့စဉ်ဘဝတွင်အသုံးပြုသော လက်တွေ့အသုံးချအင်္ဂလိပ်စာအားအဓိကထားသင်ကြားပေးခြင်းဖြစ်သောကြောင့် လူငယ်များ၏ အင်္ဂလိပ်စကားပြောစွမ်းရည် နှင့် အင်္ဂလိပ်ဘာသာစကားအားစိတ်ဝင်စားမူပိုမိုမြင့်မားလာပြီးအဆင်ပြေချောမွေ့စွာ အသုံးပြုလာနိုင်မည်ဖြစ်ပါသည်။

အထက်ပါသင်တန်းသည် 4 skills (reading, writing, listening and speaking) ပေါ်တွင်အဓိကထားသင်ကြားပေးခြင်းဖြစ်ပြီး လူငယ်များအား မိမိကိုယ်တိုင်အားကိုးလာနိုင်စေရန် နှင့် ကိုယ်တိုင်တွေးခေါ်လာတတ်စေရန်လညး် လေ့ကျင့်သင်ကြားပေးနေပါသည်။ သင်ကြားထားသောသင်ခန်းစာများအား လူငယ်များ၏နေ့စဉ်ဘဝတွင်ပြန်လည်အသုံးချနိုင်စေရန် ဆရာ/ဆရာမများကကူညီဆောင်ရွက်ပေးနေပါသည်။

DevelopEd သင်တန်းတွင် နိုင်ငံတကာသုံးအဆင့်မီ ဖတ်စာအုပ်များကိုအသုံးပြုပြီး အရည်အချင်းပြည့်ဝသောဆရာ/ဆရာမများနှင့် အထူးကြပ်မတ် သင်ကြားပေးနေပါသည်။ DevelopEd မှသင်တန်းတွင် လက်တွေ့ လုပ်ဆောင်ရသော Activity ပေါင်းများစွာပါရှိပြီး ထို Activity များမှတစ်ဆင့် သင်တန်းသားတစ်ဦးချင်းစီအတွက်လိုအပ်သော အရည်အချင်းအပြည့်အဝရရှိမည်ဖြစ်ပါသည်။ DevelopEd မှ သင်တန်းသူ/သားတိုင်း Internet အခမဲ့သုံးစွဲနိုင်ရန်စီစဉ်ဆောင်ရွက်ပေးထားပြီး အားလပ်ချိန်တွင်လည်း Computer များအားအသုံးပြုနိုင်ပါသည်။


သင်တန်းချိန်

ဤသင်တန်းကို ၂၀၂၀ ခုနှစ် နွေရာသီတွင် စတင်ဖွင့်လှစ်ပါမည်။

အချိန်အတိအကျကို သိရှိနိုင်ရန် ဤနေရာကိုနောက်တစ်ကြိမ်တွင် ပြန်လည်၍ဝင်ရောက် ကြည့်ရှုပေးပါရန်။

သင်တန်းကြေးများ

English for Teenager သင်တန်းကာလတစ်ခုချင်းစီအတွက်သင်တန်းကြေးသည် ၅၀၀၀၀ ကျပ်ကျသင့်မည်ဖြစ်ပါသည်။

သင့်တွင် ဖတ်စာအုပ်မရှိပါက ဖတ်စာအုပ်တစ်အုပ်ဝယ်ရန်လိုအပ်ပြီး ဖတ်စာအုပ်တစ်အုပ်အတွက်၂၀၀၀၀ ကျပ်ကျသင့်မည်ဖြစ်ပါသည်။ တစ်နှစ်လုံးစာအတွက်(သင်တန်းကာလသုံးကြိမ်စလုံးအတွက်) ဖတ်စာအုပ်တစ်အုပ်သာလိုုအပ်မည်ဖြစ်ပြီး အခြားသောလိုအပ်သည့်သင်ကြားရေးအသုံးအဆောင်များကို DevelopEd မှ စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။



သင်တန်းကြေးပေးသွင်းခြင်း

English for Teenager သင်တန်းမာျးအတွက် သင်တန်းကြေးကို DevelopEd မှသင့်အား သင်တန်းတက်ခွင့်ရကြောင်းဖုန်းခေါ်ဆိုလာပါက သင်တန်းကြေး ၅၀,၀၀၀ နှင့် ဖတ်စာအုပ်ကြေး ၂၀၀,ဝဝဝကျပ် စုစုပေါင်း ၇၀၀,၀၀၀ ကျပ် တိတိအား ကြိုတင်ပေးသွင်းရပါမည်။ သင်တန်းကြေး ကြိုတင်ပေးသွင်းထားသော သင်တန်းသားများသာလျှင် သင်တန်းတက်ရောက်ခွင့် သေချာမည်ဖြစ်ပါသည်။ သင်တန်းကြေး ကြိုတင်ပေးသွင်းထားခြင်းမရှိပါက သင်တန်းတက်ရောက်နိုင်ရန် သေချာမည်မဟုတ်ပါ။ မည်သည့်အကြောင်းကြောင့်ဖြစ်စေ ကြိုတင်ပေးသွင်းငွေ အားပြန်လည်ထုတ်ပေးခြင်းမရှိပါ

မှတ်ချက် - သင်တန်းတက်ရောက်နိုင်ခြင်းမရှိပါက ကြိုတင်ပေးသွင်းငွေအား ပြန်လည်ထုတ်ပေးမည်မဟုတ်ပါ။

နေရာထိုင်ခင်း (အဆောင်)

English for Teenager သင်တန်းအတွက် DevelopEd မှ နေရာထိုင်ခင်းစီစဉ်ပေးခြင်းမရှိသေးပါ။မိမိကိုယ်ပိုင်နေရာထိုင်ခင်းရှာဖွေရပါမည်။း


DevelopEd ၏ English for Teenager သင်တန်းအားလျှောက်ထားရန်အဆင့် သုံးဆင့်ရှိပါသည်။

၁။ အောက်တွင်ပေးထားသော link ကိုနှိပ်ပြီးလျှောက်လွှာဖြည့်ပါ။

၂။ အရည်အချင်းစစ်ဆေးခြင်းစာမေးပွဲအားဖြေဆိုရန် DevelopEd မှဆက်သွယ်ပါမည်။

၃။ သင်သည် အရည်အချင်းပြည့်မီသောကြောင့်သင်တန်းတက်ခွင့်ရကြောင်း သိရပါက ကြိုတင်ပေးသွင်းငွေကိုလာရောက်ပေးသွင်းပါ။

DevelopEd မှ English for Teenager သင်တန်းမာျးသည်လူဦးရေကန့်သတ်ထားပါသည်။ အကယ်၍ သင်သည် ယခုတစ်ခေါက်တွင် တက်ရောက် ခွင့်မရပါက နောက်တစ်ကြိမ်တွင် ထပ်လျှောက်နိုင်ပါသည်။