IELTS

၂၀၂၀ ခုနှစ်အတွက် IELTS သင်တန်း


IELTS စာမေးပွဲဖြေဆိုရန်ပြင်ဆင်နေပါသလား။ ရန်ကုန်မြို့ လိုမြို့ကြီးများအထိ သွားပြီးသင်တန်းတက်စရာမလိုဘဲ လားရှိုးမြို့မှာတင် နိုင်ငံတကာမှဆရာများနှင့် စနစ်တကျလေ့ကျင့် သင်ကြားပေးနေပါပြီ။

DevelopEd မှ ဆရာများသည် သင်လိုချင်သော IELTS အမှတ်ရရှိစေရန် အနီးကပ် သင်ကြားပေးမည်ဖြစ်ပါသည်။ သင့်အတွက်အောင်မြင်မှုပန်းတိုင်နှင့်အနီးကပ်ဆုံးဖြစ်စေရန် DevelopEd မှဆရာများက Original ဖတ်စာအုပ်များ၊ အသံဖိုင်များ နှင့် အစမ်းဖြေဆိုစာမေးပွဲများ အစရှိသည်တို့ဖြင့် အနီးကပ်လေ့ကျင့် သင်ကြားပေးသွားမည်ဖြစ်ပါသည်။

သင့်အတွက် DevelopEd မှ လေ့လာနိုင်မှု အရည်အချင်းများတိုးမြင့်လာပြီး IELTS Test အတွက် အဆင်သင့်ဖြစ်နေစေရန် ကူညီပြင်ဆင်ပေးသွားမည် ဖြစ်ပါသည်။

DevelopEd မှ ဖွင့်လှစ်သော IELTS သင်တန်းတစ်ခုချင်းစီတွင် သင်တန်းသားများနှင် ဆရာအကြားထိတွေ့မှု ပိုမိုရှိစေရန် နှင့် ကျောင်းသား တစ်ဦးချင်းစီအား အသေးစိတ်အာရုံစိုက်နိုင်စေရန်ရည်ရွယ်ပြီး သင်တန်းသားအများဆုံး ၄ ဦးသာ လက်ခံသင်ကြားပေးပါသည်။

IELTS သင်တန်းအားစိတ်ဝင်စားပါက အောက်ပါ လျှောက်လွှာအားဖြည့်စွက်လျှောက်ထားနိုင်ပါသည်။




သင်တန်းကြေးများ

IELTS သင်တန်းများအတွက် စာအုပ်ကြေးအပါအဝင် သင်တန်းကြေးသည် သင်တန်းကာလတစ်ခုချင်းစီအတွက် ၅၀၀,၀၀၀ ကျပ်ကျသင့်မည်ဖြစ်ပါသည်။



သင်တန်းကြေးပေးသွင်းခြင်း

IELTSသင်တန်းများအတွက် DevelopEd မှ သင့်အား သင်တန်းတက်ခွင့်ရကြောင်း ဖုန်းခေါ်ဆိုလာပါက သင်တန်းကြေးကို လာရောက် ပေးသွင်းရမည်။

သင်တန်းကြေးငွေ မှာ စာအုပ်ဖိုးအပါအဝင် ၅၀၀,၀၀၀ ကျပ်ကျသင့်မည်ဖြစ်ပါသည်။

ပထမအဆင့် အနေဖြင့် Deposit ငွေ ၂၅၀,၀၀၀ ကို သင်တန်းမစခင် တပတ် ကြိုတင်ပေးသွင်းရမည်ဖြစ်သည်။ Deposit ပေးသွင်းထားသောသင်တန်းသားများသာလျှင် သင်တန်းတက်ရောက်ခွင့် သေချာမည်ဖြစ်ပါသည်။ Deposit ပေးသွင်းထားခြင်းမရှိပါက သင်တန်းတက်ရောက်နိုင်ရန် သေချာမည်မဟုတ်ပါ။

ဒုတိယအဆင့် အနေဖြင့် လက်ကျန်ငွေ၂၅၀,၀၀၀ ကို သင်တန်းစပြီး တပတ်အတွင်းပေးသွင်းရမည်ဖြစ်ပါသည်။

မှတ်ချက် ။ ။မည်သည့်အကြောင် ကြောင့်ဖြစ်စေ သွင်းငွေ အားပြန်လည်ထုတ်ပေးခြင်းမရှိပါ။

နေရာထိုင်ခင်း

IELTS သင်တန်းအတွက် DevelopEd မှ နေရာထိုင်ခင်းစီစဉ်ပေးခြင်းမရှိသေးပါ။ မိမိကိုယ်ပိုင်နေရာထိုင်ခင်းရှာဖွေရပါမည်။

မှတ်ချက် -

သင်တန်းတက်ရောက်နိုင်ခြင်းမရှိပါက ကြိုတင်ပေးသွင်းငွေအား ပြန်လည်ထုတ်ပေးမည်မဟုတ်ပါ။

မည်သည့်အချိန်တွင်ဖြစ်စေ သင်တန်းတက်ရောက်ခြင်းမှ ရပ်ဆိုင်းမည်ဆိုပါက သင်တန်း၏နောက်ဆုံး လက်ကျန်ငွေများကို အပြီးပေးသွင်းခဲ့ရမည်။


ပညာသင်ဆုများ

IELTS သင်တန်းအတွက် ပညာသင်ဆုများအား သိရှိလိုပါက ဤနေရာ သို့ဝင်ကြည့်နိုင်ပါသည်။

Certificate

IELTS သင်တန်းအတွက် အသိအမှတ်ပြုလက်မှတ်ထုတ်ပေးမည်မဟုတ်ပါ။

IELTS သင်တန်းအားလျှောက်ထားရန် အဆင့်သုံးဆင့်ရှိပါသည်။

အောက်တွင်ပေးထားသော လျှောက်လွှာအားဖြည့်စွက်ပါ။

DevelopEd မှ အရည်အချင်းစစ်ဆေးခြင်းနှင့် လူတွေ့စစ်ဆေးခြင်းအတွက် ခေါ်ဆိုပါမည်။

သင်သည် အရည်အချင်းပြည့်မီသောကြောင့်သင်တန်းတက်ခွင့်ရကြောင်း သိရပါက ကြိုတင်ပေးသွင်းငွေကိုလာရောက်ပေးသွင်းပါ။