IELTS

၂၀၂၀ ခုနှစ်အတွက် IELTS Weekend သင်တန်း

IELTS စာမေးပွဲဖြေဆိုရန်ပြင်ဆင်နေပါသလား။ ရန်ကုန်မြို့လိုမြို့ကြီးများအထိသွားပြီးသင်တန်းတက်စရာမလိုဘဲ လားရှိုးမြို့မှာတင် နိုင်ငံတကာမှဆရာတွေ နှင့် စနစ်တကျလေ့ကျင့် သင်ကြားပေးနေပါပြီ။

DevelopEd မှ ဆရာများသည် သင်လိုချင်သော IELTS အမှတ်ရရှိစေရန် အနီးကပ် သင်ကြားပေးမည်ဖြစ်ပါသည်။ သင့်အတွက်အောင်မြင်မှုပန်းတိုင်နှင့်အနီးကပ်ဆုံးဖြစ်စေရန် DevelopEd မှဆရာများက Original ဖတ်စာအုပ်များ၊ အသံဖိုင်များ နှင့် အစမ်းဖြေဆိုစာမေးပွဲများ အစရှိသည်တို့ဖြင့် အနီးကပ်လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ပါသည်။

သင့်အတွက် DevelopEd မှ လေ့လာနိုင်မှုအရည်အချင်းများတိုးမြင့်လာပြီး IELTS Test အတွက်အဆင်သင့်ဖြစ်နေစေရန် ကူညီပြင်ဆင်ပေးသွားမည် ဖြစ်ပါသည်။

DevelopEd မှ ဖွင့်လှစ်သော IELTS သင်တန်းတစ်ခုချင်းစီတွင် သင်တန်းသားများနှင် ဆရာအကြားထိတွေ့မှုပိုမိုရှိစေရန်နှင့် ကျောင်းသားတစ်ဦးချင်းစီအား အသေးစိတ်အာရုံစိုက်နိုင်စေရန်ရည်ရွယ်ပြီး သင်တန်းသားအများဆုံး ၄ ဦးသာ လက်ခံသင်ကြားပေးပါသည်။

IELTS သင်တန်းအားစိတ်ဝင်စားပါက အောက်ပါ လျှောက်လွှာအားဖြည့်စွက်လျှောက်ထားနိုင်ပါသည်။


သင်တန်းကြေးများ

IELTS သင်တန်းများအတွက် စာအုပ်အပါအဝင် ၊ သင်တန်းကြေးသည် သင်တန်းကာလတစ်ခုချင်းစီအတွက် ၃၀၀,၀၀၀ ကျပ်ကျသင့်မည်ဖြစ်ပါသည်။






သင်တန်းကြေးပေးသွင်းခြင်း

IELTS သင်တန်းမာျးအတွက် သင်တန်းကြေးကို DevelopEd မှသင့်အား သင်တန်းတက်ခွင့်ရကြောင်းဖုန်းခေါ်ဆိုလာပါက စာအုပ်ဖိုးအပါအဝင် သင်တန်းကြေး ၃၀၀,၀၀၀ ကျပ် တိတိအား ကြိုတင် ပေးသွင်းရပါမည်။သင်တန်းကြေးပေးထားသောသင်တန်းသားများသာလျှင် သင်တန်းတက်ရောက်ခွင့် သေချာမည်ဖြစ်ပါသည်။သင်တန်းကြေးပေးသွင်းထားခြင်းမရှိပါက သင်တန်းတက်ရောက်နိုင်ရန် သေချာမည်မဟုတ်ပါ။မည်သည့်အကြောင်းကြောင့်ဖြစ်စေ ပေးသွင်းငွေ အားပြန်လည်ထုတ်ပေးခြင်းမရှိပါ။

နေရာထိုင်ခင်း (အဆောင်)

English for Teenager သင်တန်းအတွက် DevelopEd မှ နေရာထိုင်ခင်းစီစဉ်ပေးခြင်းမရှိသေးပါ။ မိမိကိုယ်ပိုင်နေရာထိုင်ခင်းရှာဖွေရပါမည်။

မှတ်ချက် -

သင်တန်းတက်ရောက်နိုင်ခြင်းမရှိပါက ကြိုတင်ပေးသွင်းငွေအား ပြန်လည်ထုတ်ပေးမည်မဟုတ်ပါ။

မည်သည့်အချိန်တွင်ဖြစ်စေ သင်တန်းတက်ရောက်ခြင်းမှ ရပ်ဆိုင်းမည်ဆိုပါက သင်တန်း၏နောက်ဆုံး

လက်ကျန်ငွေများကို အပြီးပေးသွင်းခဲ့ရမည်။


ပညာသင်ဆုများ

IELTS သင်တန်းအတွက် ပညာသင်ဆုများအား သိရှိလိုပါက ဤနေရာ သို့ဝင်ကြည့်နိုင်ပါသည်။


Certificate

IELTS သင်တန်းအတွက် အသိအမှတ်ပြုလက်မှတ်ထုတ်ပေးမည်မဟုတ်ပါ။


IELTS သင်တန်းအားလျှောက်ထားရန် အဆင့်သုံးဆင့်ရှိပါသည်။

အောက်တွင်ပေးထားသော လျှောက်လွှာအားဖြည့်စွက်ပါ။

DevelopEd မှ အရည်အချင်းစစ်ဆေးခြင်းနှင့် လူတွေ့စစ်ဆေးခြင်းအတွက် ခေါ်ဆိုပါမည်။

သင်သည် အရည်အချင်းပြည့်မီသောကြောင့်သင်တန်းတက်ခွင့်ရကြောင်း သိရပါက ကြိုတင်ပေးသွင်းငွေကိုလာရောက်ပေးသွင်းပါ။