ပြည်တွင်းပြည်ပ ပညာသင်ဆုများ

DevelopEd မှပညာသင်ဆုများ

DevelopEd သည် သင်တန်းသားများအတွက် ၂၀၁၈ ခုနှစ် တွင် ပညာသင်ဆုများပေးရန်လျာထားလျက်ရှိပါသည်။ ပညာသင်ဆု သတင်း အသေးစိတ်အချက်အလက်များအား ဤနေရာတွင် ဖော်ပြပေးမည် ဖြစ်ပါသောကြောင့် စိတ်ပါဝင်စားသူများအနေဖြင့် ပြန်လည်လာရောက်ကြည့်ရှုနိုင်ပါသည်။

DevelopEd မှ ၂၀၁၈ ခုနှစ်အတွက် Active English နှင့် IELTS သင်တန်းတက်ရောက်သူလိုသော်လည်း ငွေကြေးအခက်အခဲကြောင်းတက်ရောက်နိုင်ခြင်းမရှိသူများအား ပညာသင်ဆုများ ပေးအပ်လျက်ရှိပါသည်။သို့ရာတွင် DevelopEd မှ သင်တန်းကြေး၏ ၅၀% ကိုသာ ပညာသင်ဆုအနေဖြင့်ပေးအပ်မည်ဖြစ်ပြီး ကျန်ရှိသောသင်တန်းကြေး ၅၀% ကို သင်တန်းသူ/သား များမှ ပေးဆောင်ရမည် ဖြစ်ပါသည်။ DevelopEd မှပေးအပ်သော ပညာသင်ဆုများကို စိတ်ပါဝင်စားသူများအနေဖြင့် ဤနေရာတွင် ဝင်ရောက်လျှောက်ထားနိုင်ပါသည်။

အခြားသောပညာသင်ဆုများ

DevelopEd သည် အခြားသော အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ပြည်တွင်းပြည်ပ ပညာသင်ဆုများအား ဤနေရာတွင် ပုုံမှန်ဖော်ပြပေးလျက်ရှိပါသည်။ စိတ်ပါဝင်စားပါက ဤနေရာသို့လာရောက်ပြီး မိမိစိတ်ဝင်စားသော ပညာသင်ဆုအား ကြည့်ရှုလျှောက်ထားနိုင်ပါသည်။ အချိန်နှင့်တပြေးညီ ပညာသင်ဆုများ အား ဤနေရာတွင်ဖော်ပြပေးသွားမည်ဖြစ်သောကြောင့် ထပ်မံလာရောက်ကြည့်ရှုနိုင်ပါသည်။