DEVELOPED EDUCATION CENTRE

မှ ကြိုဆိုပါသည်။

ပညာသင်ဆုများ

DevelopEd သည် ပြည်ပသို့ ပညာသင် သွားလိုသူများ အတွက် လိုအပ်သည့်အရည်အချင်းများပြည့်ဝစေရန် ကူညီဆောင်ရွက်ပေးလျက်ရှိပြီး ပြည်တွင်းပြည်ပ ပညာသင်ဆု များလျှောက်ထားရာတွင်လည်း ပိုမိုအဆင်ပြေချောမွေ့မှုရှိစေရန် သင်တန်းသားများအား ကူညီပေးလျက်ရှိပါသည်။ DevelopEd မှ ပညာသင်ဆုများအကြောင်းသိရှိလိုပါက ဤနေရာ တွင် နှိပ်ပြီး ကြည့်ရှုနိုင်ပါသည်။

အလုပ်အကိုင်အခွင့်အလမ်းများ

အလုပ်အကိုင်ရှာဖွေနေသောသင်တန်းသားများအတွက်လည်းအလုပ်အကိုင်အခွင့်အလမ်းများရှာဖွေပေးခြင်းနှင့် မိမိရွေးချယ်ထားသော အလုပ်အကိုင်အတွက်လိုအပ်သည့် အရည်အချင်းများ ပိုမိုပြည့်ဝလာစေရန် DevelopEd မှ စနစ်တကျသင်ကြားပြသေnပးလျက်ရှိပါသည်။ DevelopEd မှလတ်တလော လစ်လပ်နေသောအလုပ်နေရာများအား သိရှိလိုပါက ဤနေရာ တွင် နှိပ်ပြီး ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

Free Internet နှင့် Computer များအသုံးပြုခွင့်ရရှိနိုင်ခြင်း

DevelopEd မှသင်တန်းသားတိုင်းသည် နောက်ဆုံးပေါ် Computer များတပ်ဆင်ထားသော Computer စာသင်ခန်းအားအသုံးပြုခွင့်ရရှိမည်ဖြစ်ပြီး သင်တန်း၏ Wifi internet ကိုလည်း ချိတ်ဆက်အသုံးပြုခွင့်ရရှိမည်ဖြစ်ပါသည်။ မိမိ၏ ဖုန်းများ လက်ပ်တော့ကွန်ပျူတာများကိုလဲယူဆောင်လာပြီး ချိတ်ဆက်အသုံးပြုနိုင်ပါသည်။ DevelopEd မှ Computers များနှင့် internet ကိုအသုံးပြုခြင်းဖြင့် မိမိတို့၏ အနာဂတ်ပညာရေးအတွက်ပြင်ဆင်ရာ

တွင်ပိုမိုအထောက်အကူဖြစ်မည်ဟုယုံကြည်ပါသည်။

အောက်တွင်ဖော်ပြထားသော DevelopEd ၏သင်တန်းများအားလေ့လာကြည့်ရှုပြီး သိရှိလိုသည်များကို DevelopEd သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Free Basic Computer Course

Computer အသုံးမပြုဖူးသူများအတွက် Computer အသုံးပြုနည်းအခြေခံအား နှစ်နာရီကြာ အခမဲ့သင်ကြားပြသပေးနေပါသည်။

အသက် ၁၂ နှစ်အထက်မည်သူမဆို လာရောက်လျှောက်ထားပြီးတက်ရောက်နိုင်ပါသည်။ အပတ်စဉ် ဗုဒ္ဓဟူးနေ့ နှင့် သောကြာနေ့တိုင်း နံနက် ၉နာရီမှ ၁၁ နာရီအထိ ဖွင့်လှစ်သင်ကြားပေးနေပါသည်။

ယခုလတ်တလောတွင် Free Basic Computer Course အား ခေတ္တခဏ ရပ်နားထားပါသည်။

DevelopEd ၏ Active English သင်တန်းသည် အင်္ဂလိပ်စာလေ့လာလိုသော်လည်း နေ့ခင်းတွင်လုပ်ငန်းဆောင်တာများဖြင့်မအားလပ်သော သူများအတွက်ရည်ရွယ်ဖွင့်လှစ်ထားသော သင်တန်းဖြစ်ပါသည်။ Active English သင်တန်းသည် လက်တွေ့အသုံးပြုရသော နေ့စဉ်သုံးအင်္ဂလိပ်စာ ကိုအဓိကထား သင်ကြားခြင်းဖြစ်သောကြောင့် သင်ကြားထားသည်များကို လက်တွေ့ဘဝတွင် အသုံးချနိုင်ပါသည်။ သင်ခန်းစာများအားလုံးကို ပျော်ရွှင်ဖွယ်ကောင်းသောစာသင်ခန်းထဲတွင် ကျွမ်းကျင်ဆရာ/ဆရာမများနှင့် သင်ကြားလေ့လာရမည်ဖြစ်ပါသည်။ DevelopEd ၏ Active English သင်တန်းများတွင် အခြေခံအဆင့်၊ အလယ်တန်းကြိုအဆင့် နှင့် အလယ်တန်းအဆင့် စသောအဆင့် ၃ဆင့်ခွဲ ပြီးဖွင့်လှစ်ထားသောကြောင့် မိမိနှင့် သင့်လျော်သောသင်တန်းကိုရွေးချယ်တက်ရောက်နိုင်ပါသည်။

Active English သင်တန်းများကို တနင်္လာနေ့ မှ သောကြာနေ့အထိ ညနေ၅နာရီခွဲ မှ ည၇နာရီခွဲအတွင်းသင်ကြားပေးနေပါသည်

English for Weekend(စနေနေ့နှင့်တနင်္ဂနွေသင်တန်း)

DevelopEd ၏ English for Weekend နှင့် English for Teenager သင်တန်းများသည် အင်္ဂလိပ်စာလေ့လာလိုသော်လည်း အခြားနေ့များတွင် လုပ်ငန်းဆောင်တာများဖြင့်မအားလပ်သော သူများအတွက်ရည်ရွယ်ဖွင့်လှစ်ထားသော သင်တန်းဖြစ်ပါသည်။ English for Weekend နှင့် English for Teenager သင်တန်းများသည် လက်တွေ့အသုံးပြုရသော နေ့စဉ်သုံးအင်္ဂလိပ်စာ ကိုအဓိကထား သင်ကြားခြင်းဖြစ်သောကြောင့် သင်ကြားထားသည်များကို လက်တွေ့ဘဝတွင် အသုံးချနိုင်ပါသည်။ သင်ခန်းစာများအားလုံးကို ပျော်ရွှင်ဖွယ်ကောင်းသောစာသင်ခန်းထဲတွင် ကျွမ်းကျင်ဆရာ/ဆရာမများနှင့် သင်ကြားလေ့လာရမည်ဖြစ်ပါသည်။ DevelopEd ၏ သင်တန်းများတွင် အခြေခံအဆင့်၊ အလယ်တန်းကြိုအဆင့် နှင့် အလယ်တန်းအဆင့် စသောအဆင့် ၃ဆင့်ခွဲ ပြီးဖွင့်လှစ်ထားသောကြောင့် မိမိနှင့် သင့်လျော်သောသင်တန်းကိုရွေးချယ်တက်ရောက်နိုင်ပါသည်။

English For Teenager (ဆယ်ကျော်သက်အရွယ်များအတွက်သင်တန်း)

English for teenager သင်တန်းသည် တက်သစ်စ လူငယ်လူရွယ်များ၏ အင်္ဂလိပ်စာစွမ်းရည် တိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားပေးသော နွေရာသီသင်တန်းတစ်ခု ဖြစ်ပါသည်။ English for teenager သင်တန်းသည် တက်သစ်စလူငယ်လူရွယ်များအတွက် နေ့စဉ်ဘ၀တွင် အသုံးပြုသော လက်တွေ့အသုံးချ အင်္ဂလိပ်စာ ကို အဓိက သင်ကြားထားခြင်းဖြစ်သောကြောင့် လက်တွေ့ဘ၀တွင်ပြန်လည် အသုံးချနိုင်ပါသည်။ သင်ခန်းစာ သင်ကြားရာတွင်လည်း ကျွမ်းကျင်အဆင့် ဆရာ/ဆရာမ များနှင့်သင်ကြားလေ့လာရမည့်အပြင် ပျော်ရွှင်ဖွယ်ကောင်းသော Game,Activity များဖြင့် သင်ကြားလေ့လာရမည်ဖြစ်သောကြောင့် နွေရာသီ ကျောင်းပိတ်ရက်များကို အကျိုးရှိရှိ အသုံးချမည့် လူငယ် လူရွယ်များအတွက် အထူးသင့်လျော်သော သင်တန်းဖြစ်ပါသည်။

English For Kids သင်တန်းသည် သင့်ရင်သွေး၏အင်္ဂလိပ်စာစွမ်းရည် တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ သင်ကြားပေးသောသင်တန်းတစ်ခု ဖြစ်ပါသည်။ English For Kids သင်တန်းသည် သင့်ရင်သွေးငယ်အတွက် နေ့စဉ်ဘဝတွင်အသုံးပြုသော လက်တွေ့အသုံးချအင်္ဂလိပ်စာအားအဓိကထားသင်ကြားပေးခြင်းဖြစ်သောကြောင့် ကလေးငယ်များ၏ အင်္ဂလိပ်စကားပြောစွမ်းရည်၊ အင်္ဂလိပ်ဘာသာစကားအားစိတ်ဝင်စားမူပိုမိုမြင့်မားလာစေရန် နှင့်အဆင်ပြေချောမွေ့စွာ အသုံးပြုလာနိုင်မည်ဖြစ်ပါသည်။

“Summer Class” for kids is one of the most demanding programs in DevelopEd. It is only a month away and now we are accepting the enrollment forms from 19/2/2020 to 18/3/2020. This class is intended for the kids who want to improve their English skills as well as social skills.

English For Kids သင်တန်းတွင် အောက်ပါသင်တန်းချိန်ကို တက်ရောက်နိုင်ပါသည်။

  • Summer Class

DevelopEd မှ IELTS ဖြေဆိုရန်ပြင်ဆင်နေသောကျောင်းသားများကိုလည်း မိမိတို့မျှော်မှန်းသောအမှတ်ကိုရရှိနိုင်စေရန် IELTS Training များဖွင့်လှစ်သင်ကြားပေးပြီးကူညီပေးလျက်ရှိပါသည်။ IELTS ဖြေဆိုရာတွင်လိုအပ်မည့် အရည်အချင်းများအားလုံးပြည့်ဝစေရန် သင်ကြားပြသပေးပါသည်။ IELTS original ဖတ်စာအုပ်များကိုအသုံးပြုပြီး practise test များကိုပါပြုလုပ်ခြင်းဖြင့် IELTS Test အားပိုမိုရင်းနှီးလာအောင်ကူညီပေးပါသည်။ DevelopEd သည် IELTS သင်တန်းသားတိုင်းကို မိမိတို့လိုအပ်သော IELTS အမှတ်များရရှိစေရန် အဆင့်တိုင်းကိုကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။

IELTS Training များကို တတ်ရောက်လိုသော်လည်း စနေနေ့ နှင့် တနင်္ဂနွေနေ့မှာ လွဲ၍ သင်တန်းတတ်ရောက်ရန် အချိန် မရှိသောသူများအတွက် DevelopEd တွင် IElTS for Weekend ရှိနေပါပြီ။ IELTS original ဖတ်စာအုပ်များကိုအသုံးပြုပြီး practise test များကိုပါပြုလုပ်ခြင်းဖြင့် IELTS Test အားပိုမိုရင်းနှီးလာအောင်ကူညီပေးပါသည်။ DevelopEd သည် IELTS သင်တန်းသားတိုင်းကို မိမိတို့လိုအပ်သော IELTS အမှတ်များရရှိစေရန် အဆင့်တိုင်းကိုကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။

DevelopEd မှ အခြားသော Special သင်တန်းများကိုလွဲင့်လှစ်သင်ကြားပေးလျက်ရှိပါသည်။ အခြားသင်တန်းများအကြောင်းသိရှိလိုပါက​ ဤေ နရာတွင် ဝင်ရောက်ကြည့်ရှု နိုင်ပါသည်။